အမေသို့ပေးစာ
Sunday, June 30, 2013
Sunday, June 9, 2013
စာရေးသူအကြောင်းတစေ့တစောင်း
စာရေးသူသည်စစ်ကိုင်းတိုင်းဒေသကြီးနာဂတောင်တန်း ( khanti)မြို့နယ်
သက်ကယ်တောင်ကျေးရွာထေရ၀ါဒBUDBHAသာသနာပြုကျောင်းတွင်
သာသနာပြုလျက်ရှိပါသည်
စာရေးသူရဲ့အတွေ့အကြုံအရဆိုလျင်နာဂတိုင်းရင်းများသည်ရိုးသားကြပါသည်
စာရေးသူသည်နာဂတောင်တန်းတွင်သာသနာပြုဆောင်ရွက်ရာတွင်မိမိတက်
နိုင်သလောက်ပေးကမ်းခြင်းဆေးကုပေးခြင်းဆေးရုံတင်ပေးခြင်းဘုရားဖူးပို့ပေး
ခြင်းပညာသင်စရိပ်ကူညီခြင်းတရားဟောပေးခြင်းတို့ပြုလုပ်ပေးခဲ့ပါသည်
ပုဂ်ဂိုလ်ခင်မှတရားမင်ဆိုသလိုဖြေးဖြေးခြင်းစည်းရုံးရေးအောင်မြင်လာပါတော့
သည်ဒီလိုနှင့်BUDDHAဘာသာကူးပြောင်းပွဲကိုပထမအကြိမ်ပြုလုပ်နိုင်ခဲ့ပါသည်
လူဦးရေ(၅၃)ဖြစ်ပါသည်၇-၁၁-၂၀၀၉
ဒုတိယအကြိမ်ကို ၆-၁-၂၀၁၃လူဦးရေ(၆၈)ဦးဖြစ်ပါသည်
စာရေးသူသည်ဘုးရားတည်ခြင်း=ကျောင်းဆောက်ခြင်း-
သိမ်ဆောက်ခြင်း=ရေအားလျှက်စစ်ဆောင်ရွက်ပေးခြင်=
ကလေးများကိုစာသင်ပေးခြင်းများကိုသာသနာပြုနေပါသည်
သာသနာပြုရာတွင်ငွေကြေးအခက်အခဲများရှိနေပါရွေ့
လှူဒါန်းလိုသူများသည်တောင်စလင်းတိုက်သစ်မှလှူဒါန်းနိုင်ပါသည်
ဖုန်း၀၂-၆၈၃၀၅(mandalay)

Friday, June 7, 2013
အမျှဝေပါတယ်အမေ
နွေမှာ..ဈေးရောင်း မိုးမှာအပင်စိုက်
ဆောင်းမှာထင်းခုတ် အလုပ်နဲ့လက်
ဇယ်စက်သလိုလှုပ်ရှား သားနှစ်ဦးစားဖို့ရာ
နေထိုင်ဖို့နှင့် ပညာတက်တွေဖြစ်ရေး
အပြေးအလွှား ကြိုးစားရင်း
အနာတရ ရထားတစ်စင်းနဲ့
အသက်တွေကြီးရင်း ဇရာပိုင်းရောက်ခဲ့ပြီ
ဖိစီးခဲ့တဲ့အနာရောဂါ အင်းဝတံတားဦးဆေးရုံ
နတ်တမန်ရှင်သေမင်းဟာ ငွေနဲ့ရှင်းလို့မရ
လက်နက်ပြတော့လည်း ခပ်တည်တည်
နတ်ပြည်တက်နေလည်း အလွတ်မပေး
တေးဆိုချော့တော့လည်း အရာမထင်
မဂ်ဂင်လက်နက်ကြီးတွေနဲ့ အပြီးအပိုင်ဖျက်နိုင်မှ
ဒုက်ခမီးတောင်ငြိမ်းမယ်လို့ နားလည်ခံစားရင်းဒါနပြု
သာဓုပေါ် ချစ်တဲ့အမေ
စမ်းရေပြာနဲ့ ဆုံပါစေ
ပန်းဂေဟာနဲ့ ကြုံပါစေ
သားဖြစ်သူစာရေးသူမှ အမျှဝေပါတယ်
ရဝေကျော်(အင်းဝ)၏ခံစားချက်
Thursday, June 6, 2013
( မြတ်ထေရ်သံဃာ)
သမိုင်းမှာ
မှတ်တမ်းကျန်ဖို့ လုပ်ဇာတ်တွေ
ခင်းပြခဲ့တာမဟုတ်ဘူး
ကျောက်စာမှာ မော်ကွန်းတင်ဖို့
အသက်သွေးချွေးတွေ ပေးဆပ်ခဲ့တာမဟုတ်ဘူး
ထင်ပေါ်ကျော်ကြား လူသိများဖို့
လုံ့လခွန်အားတွေ စိုက်ထုတ်ခဲ့တာမဟုတ်ဘူး
ဒို့တိုင်းပြည် ဒို့လူမျိုး ဒို့ဘာသာ ဒို့သာသနာ
အရှည်တည်တံ့ ခိုင်ခံ့စေရန် စိတ်ရည်သန်ပြီး
အသက်သွေးချွေး ပေးဆပ်ခဲ့တာ
အဲဒါ မြတ်ထေရ်သံဃာ .....
ရဝေကျော်(အင်းဝ)
Subscribe to:
Posts (Atom)