Friday, June 7, 2013

               
အမျှဝေပါတယ်အမေ

နွေမှာ..ဈေးရောင်း    မိုးမှာအပင်စိုက်
ဆောင်းမှာထင်းခုတ်    အလုပ်နဲ့လက်
ဇယ်စက်သလိုလှုပ်ရှား    သားနှစ်ဦးစားဖို့ရာ
နေထိုင်ဖို့နှင့်    ပညာတက်တွေဖြစ်ရေး
အပြေးအလွှား      ကြိုးစားရင်း
အနာတရ     ရထားတစ်စင်းနဲ့
အသက်တွေကြီးရင်း     ဇရာပိုင်းရောက်ခဲ့ပြီ
ဖိစီးခဲ့တဲ့အနာရောဂါ   အင်းဝတံတားဦးဆေးရုံ
နတ်တမန်ရှင်သေမင်းဟာ  ငွေနဲ့ရှင်းလို့မရ
လက်နက်ပြတော့လည်း   ခပ်တည်တည်
နတ်ပြည်တက်နေလည်း     အလွတ်မပေး
တေးဆိုချော့တော့လည်း       အရာမထင်
မဂ်ဂင်လက်နက်ကြီးတွေနဲ့   အပြီးအပိုင်ဖျက်နိုင်မှ
ဒုက်ခမီးတောင်ငြိမ်းမယ်လို့   နားလည်ခံစားရင်းဒါနပြု
သာဓုပေါ်     ချစ်တဲ့အမေ
စမ်းရေပြာနဲ့  ဆုံပါစေ
ပန်းဂေဟာနဲ့   ကြုံပါစေ
သားဖြစ်သူစာရေးသူမှ     အမျှဝေပါတယ်

ရဝေကျော်(အင်းဝ)၏ခံစားချက်

No comments: