Monday, October 28, 2013

Photo: ***ဧရာဝတီအတွက် မနက်ဖြန်***
*************************

အင်္ဂလိပ်လို သင်ဖူးတယ်
မြန်မာလို့လည်း ကျက်ဖူးတယ်
"ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အသက်သွေးကြောဖြစ်ပါသည်"တဲ့
ဘယ်သူတွေ ဖေါ်ပြခဲ့ပါလိမ့်
မလိုအပ်တော့ဘူးလား
မသက်ဆိုင်တော့တာလား
ဖြုတ်ချလိုက်ပါ 
အချိန်ကိုးလနဲ့ စာသင်ရတဲ့ 
ကျောင်းသား/သူတွေ သနားတယ်…။

လက်မကိုချိုး ရင်ဝသို့ထိုး
ဂဏန်း(ပုဇွန်လုံး)သေသလိုမျိုး
ဧရာဝတီဟာ ဖြစ်နိုင်ရိုးလား
မှားသွားမှာပေါ့…။

ငါ့တို့သွေးနဲ့ အသက်ဆက်မယ်
မနက်ဖြန်တိုင်းမှာ
မင်းကအရှင်သခင် ဖြစ်ကိုဖြစ်ရမယ်…။

မင်းအတွက်ဆို ငါတို့အားတွေ
ထာဝစဉ် စုဆောင်းထားတယ်
ရဲရဲကြီးစီးဆင်းနေပေးပါ
ဒါဟာ ငါတို့သစ္စာတွေ
ဧရာဝတီ…။

ဂုတ်သွေးစုပ်နေရတာတောင်
ဂုတ်ခွစီးချင်နေမှာတော့
ဟားတိုက်ကာရယ်ပြောလိုက်ပါ
အလှည့်ရောက်ပြီလို့…။

သစ်စ်

Photo credit- Kyaw Zaw(အိုင်အိုမင်းဒင်).
         ဧရာဝတီရေသင်နှင့်ဝေးခဲ့တာဆယ်စုနှစ်လောက်ကြာခဲ့ပြီနော်
         ပြန်တွေ့တော့လည်းသင့်အနာဂတ်အတွက်ရင်မောစရာတွေနှင့်

No comments: